
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး မူဝါဒများချမှတ်နိုင်ရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် လိုအပ်သည့်အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်း ဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီ (၁/၂၀၂၅) ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ နံနက် (၁၁း၀၀) နာရီတွင် ကျင်းပခဲ့ပြီး ကော်မတီအဖွဲ့ဝင် (၇) ဦးတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေး ကော်မတီ ဥက္ကဌ၊ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ကော်မတီအတွင်း ရေးမှူး တိုင်း ဒေသ ကြီး ဦးစီးမှူး ဦးခမ်လျန်စွမ်းက စစ်ကိုင်းတိုင်းဒေသကြီးအတွက် လစဉ်ခွဲတမ်းရ ပြည်သူဆီ အပေါ်တွင် ခရိုင်အလိုက် ဖြန့်ဖြူးမှုအခြေအနေများ၊ လက်လီ/လက်ကား ရောင်းချမှ အခြေအနေများ၊ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်မှုများ၊ ဈေးကားများဖြင့် ရောင်းချမှု များ ကွင်းဆင်း စစ်ဆေးမှုများ၊ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးမှုများ၊ တိုင်းဒေသကြီးအတွင်းသို့ နေ့စဉ်စားအုန်းဆီရောက်ရှိမှု၊ ရောင်းချမှု၊ လက်ကျန် အခြေအနေများ၊ အိမ်ထောင်စုများအား ဆီဝယ်စာအုပ်စနစ်ဖြင့် ရောင်းချနိုင်မှု အခြေအနေများ၊ On Call စာရင်းရရှိမှု၊ ရောင်းချမှု၊ လက်ကျန်အခြေအနေများ၊ စက်မှုလုပ်ငန်း သုံးစားအုန်းဆီ အဆိုပြုမှု၊ ဖြန့်ဖြူးမှုအခြေ အနေများအား အမှာစာ (၇) ရပ်ဖြင့် ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေးကို (၁၂း ၂၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။
Doca(စစ်ကိုင်း)