ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့်  ပဲတီစိမ်းဈေးနှုန်း

Powered by Drupal

                စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ပဲတီစိမ်းသီးနှံကို ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာန၏ စာရင်းများအရ သိရှိရသည်။

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲတီစိမ်းရိုးရိုး(၁)တင်းလျှင် (၁၀၀၀၀) ကျပ်နှင့် ထွက်တိုး(၁)တင်းလျှင် (၁၀၀၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဈေးကွက်အနေ ဖြင့် ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ အများဆုံးတင်ပို့ ရောင်းချကြောင်း၊ ဒေသတွင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)