ကြက်ဥ၊ဘဲဥနှင့်ငုံးဥစျေးကွက်

Powered by Drupal

     မန္တလေးစျေးကွက်ရှိ  ကြက်ဥ၊ဘဲဥနှင့်ငုံးဥများ စျေးငြိမ်လျက်ရှိပြီး၊ အရောင်းသွက် လျက် ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်းပြင်ဦးလွင်မြို့နယ်၊ပြင်စာကျေးရွာမွေးမြူရေး ခြံ ထွက်ကြက်ဥ များဝင်ရောက်မှုအများဆုံးဖြစ်ကြောင်းသိရှိရပါသည်။ ဘဲဥနှင့်ငုံးဥမှာ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊စဉ့်ကိုင်၊ကျောက်ဆည်မြို့နယ်များရှိမွေးမြူရေးခြံတို့မှ ဝင်ရောက်ကြောင်း သိရပါ သည်။၂၀၂၅ ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာ ကြက်ဥ (၃၀လုံးပါ ၁၀ကဒ်)တစ်ဆွဲလျှင်၁၃၅၀၀ဝိ/- နှင့်၁၃၈၀၀ဝိ/-၊လက်လီစျေးအနေဖြင့်ကြက်ဥတစ်လုံး လျှင် ၄၅ဝိ/-နှင့်၅၀ဝိ/- ၊  ဘဲဥတစ်လုံးလျှင် ၅၈ဝိ/-နှင့် ၆၀ဝိ/- ၊ငုံးဥ(၁၀)လုံးလျှင် ၂၃၀ဝိ/- နှင့် ၂၅၀ဝိ/-  စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)