
မန္တလေးစျေးကွက်အတွင်းသို့ မှိုအမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ တွေ့ရှိမှုများသော အမျိုး အစားများမှာ ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ရှီတာကီမှို၊ တောင်ပို့မှို၊ ဝါးမှိုများ ဖြစ်ပါကြောင်း သိရပါသည်။၂၀၂၅ ခုနှစ် သြဂုတ်လနောက်ဆုံးပတ်အတွင်း မှိုအမျိုးအစားအလိုက် ဖြစ်ပေါ်ခဲ့သည့်စျေးများမှာ ငွေနှင်းမှုံမှို တစ်ပိဿာလျှင် လက္ကားစျေး ၇၀၀ဝိ/-စျေး၊လက်လီစျေး ၈၀၀ဝိ/-နှင့်၉၀၀ဝိ/-၊ကောက်ရိုးမှိုတစ်ပိဿာလျှင်လက္ကားစျေး ၉၅၀ဝိ/-၊လက်လီစျေး၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝ/- ၊ အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ) လက္ကားစျေး ၃၀၀၀ဝိ/- နှင့်လက်လီ စျေး အထုတ်(သေး)တစ်ထုတ်လျှင် ၃၅၀ဝိ/- စျေး အသီးသီးဖြစ်ပေါ်လျှက်ရှိကြောင်း၊ရာသီစာမှို စျေး ကွက်မှာ အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းစျေးအတွင်းမှ သိရှိရပါသည်။
DOCA(မန္တလေး)