ခရမ်းချဉ်သီးစျေးအနည်းကျ

Powered by Drupal

       မန္တလေးစျေးကွက်သို့   သြဂုတ်လနောက်ဆုံးပတ်အတွင်း   ခရမ်းချဉ် သီးဝင်ရောက်မှု များပြားသည့်အတွက်   စျေးအနည်းငယ်ကျဆင်းသွားကြောင်း   သိရပါသည်။     မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ် သီးပွဲရုံ များ၊  သီရိမာလာစျေး(ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊ ကမ်းနား လမ်း ရှိ ကုန်စိမ်းလက္ကားစျေးတို့ တွင် ခရမ်းချဉ်သီးအား ခေါင်သီးနှင့် အလတ်စသီး ဟူ၍ အမျိုး အစား ခွဲခြား ရောင်းချလျက်ရှိပါသည်။  ၂၀၂၅ ခုနှစ် သြဂုတ်လနောက်ဆုံးပတ် အတွင်း   ဖြစ်ပေါ် လျက်ရှိသော   လက္ကားစျေးအနေဖြင့် အင်းသီး တစ်သေတ္တာ(၂၀ ပိဿာပါ)လျှင် ၅၀၀၀၀ ကျပ်နှင့် ၆၀၀၀၀ ကျပ်၊ လက်လီစျေးအနေဖြင့် ခရမ်းချဉ်သီး ဘောလုံးသီးနှင့် အင်းသီး တစ်ပိဿာလျှင် ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။    ခရမ်းချဉ်သီးစျေးမှာ သြဂုတ်လတတိယပတ်စျေးနှင့်နှိုင်းယှဉ်ပါက    တစ်ပိဿာလျှင် ၅၀၀ ကျပ် စျေးကျဆင်းသွား ကြောင်း စျေးသည်တစ်ဦး၏ ပြောပြ ချက်အရ သိရပါသည်။

DOCA(မန္တလေး)