အရောင်းသွက်သည့်စပျစ်သီး

Powered by Drupal

     မန္တလေးသစ်သီးစျေးကွက်သို့ သြဂုတ်လနောက်ဆုံးပတ်အတွင်း  စပျစ်သီးဝင်ရောက်မှု လျော့နည်းလာသည့်အတွက် စျေးအနည်းငယ်တက်သွားကြောင်း သိရပါသည်။   ၂၀၂၅  ခုနှစ် သြဂုတ်လနောက်ဆုံးပတ်အတွင်း   စပျစ်သီး‌စျေး တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး) ၁၃၀၀၀  ကျပ်   နှင့် ၁၅၀၀၀ကျပ်၊ စပျစ်သီးအချွန်မျိုး ၁၀၀၀ဝကျပ်  နှင့် ၁၁၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး) ၈၀၀၀ ကျပ် နှင့် ၉၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း ရှမ်းစျေးရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)