ဝင်ငွေကောင်းရရှိသော ဝဥစိုက်ပျိုးထုတ်လုပ်မှုနှင့် စျေးနှုန်းစျေးကွက်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ပိန်းမျိုးရင်းဖြစ်သော ဝဥကို စီးပွားဖြစ်စိုက်ပျိုး လျက်ရှိပြီး အခြားနေရာ၊ ဒေသတို့ကိုလည်း တင်ပို့ရောင်းချလျက်ရှိပါသည်။ ကုန်ကြမ်းသာမက ကုန်ချောပါထုတ်လုပ်နိုင်ပြီး ကျန်းမာရေးဆိုင်ရာထုတ်ကုန်နှင့် အခြားထုတ်ကုန်များတွင် သုံးစွဲလေ့ ရှိကြပါသည်။ ဝဥကို ခေါက်ဆွဲ၊ ဆန်အဖြစ် ထုတ်လုပ်ကြသည့်အပြင် MSME တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရာတွင် အသုံးဝင်လှသည်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သော အရာလည်းဖြစ်သည်။ မြိတ်ခရိုင်တွင် ဝဥ တစ်ပိဿာလျှင် ၂၀၀၀ ကျပ် ခန့်စျေးရရှိပြီး ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းပြည်နယ်များသို့တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)