
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်ရှိ လူသုံးကုန် လုပ်ငန်းဖြစ်သည့် ရေချိုးဆပ်ပြာအရည် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအား ၎င်းထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်များအပေါ်တွင် စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန်အလိုဌာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ သိရှိရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဒုခရိုင်မှူး ဦးဦးသိန်းမောင်က Skin Me လူသုံးကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ဈေးကွက်မရောက်မီ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းအား အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိ သော လူသုံးကုန်ပစ္စည်းများအပေါ်တွင်လည်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ဖော်ပြရန်ညွန်ကြားချက် အမှတ် (၂/၂၀၁၉)အရ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်လည်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရ မည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)