
ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြ ပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာ မျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။
ခရမ်းသီးခွံကို စားလို့ရလား
ခရမ်းသီးခွံကို စားလို့ရလားဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံ ကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ ပိုတက်ဆီယမ်တို့ ပါဝင်နေသလို အခြားသော ကျန်းမာရေးကို အထောက်အကူ ပြုနိုင်တဲ့ အာဟာရ များစွာလည်း ပါဝင်နေပါ တယ်။
ကိုယ်ဝန်ဆောင်မေမေ ခရမ်းသီး စားလို့ရလား
ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား
ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလားဆိုတော့ လူတော်တော်များများကတော့ ခရမ်းသီးခွံကို နွှာစား ကြဖို့ ပြောကြပေမယ့် တကယ်ကတော့ ခရမ်းသီး အခွံက စားလို့ ရသလို ကျန်းမာစေဖို့လည်း ထောက်ကူ ပေးပါတယ်။ ခရမ်းသီးစားတဲ့အခါ အခွံကိုပါ ထည့်သွင်း စားသုံး မယ်ဆိုရင် ခရမ်းသီးနဲ့ ခရမ်းသီး အခွံမှာက အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ် အလေးချိန်ကို ထိန်းညှိပေးပြီး ဝိတ်ကျချင်သူတွေ စားပေး သင့်တဲ့ အသီး တစ်မျိုးပါ။ ခရမ်းသီး အခွံမှာ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးတိုးကျစေနိုင်သလို သွေးပေါင် ချိန်ကိုလည်း အတိုင်း အတာ တစ်ခုအထိ ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာက အစာအိမ် အူလမ်းကြောင်း ကျန်းမာစေဖို့နဲ့ သန့်စင်စေဖို့ လုပ်ဆောင်ပေးသလို နေ့စဉ်ဘဝမှာ ဝမ်းချုပ်ခြင်း ကင်းစေမှာပါ။ ဒါကြောင့် ဝမ်းချုပ်တတ်သူတွေ အနေနဲ့ ဝမ်းမှန်စေဖို့ ခရမ်းသီးကို စားပေးလို့ရတယ်။ အစာအိမ် နံရံတွေ အူနံရံတွေ ကျန်းမာစေဖို့နဲ့ အူတွေရဲ့ လှုပ်ရှားမှုကောင်းစေဖို့ ခရမ်းသီး အခွံကို စားပေးလို့ရ ပါတယ်။ ခရမ်းသီးခွံက အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေဖို့လုပ်ဆောင်ပေးနိုင်ပါတယ်။ ခရမ်းသီးနဲ့ ခရမ်းသီးခွံမှာ ကော့ပါးနဲ့ သံဓာတ် ပါဝင်နေတာက သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ သံဓာတ်အားနည်းမှုကြောင့် သွေးအားနည်းပြီး ခြေကုန်လက်ပမ်း ကျတာ ကို သက်သာစေဖို့ ခရမ်း သီးခွံကို စားပေးလို့ ရပါတယ်။
ခရမ်းသီး အသားအရေ လှစေသလား
အရိုးတွေ သန်မာစေလား
ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေမှုက အရိုးတွေကို သန်မာစေပြီး အသက်အရွယ ်ကြောင့် အရိုးသိပ်သည်းဆ ကျဆင်းလာတာကို သက်သာစေနိုင်ပါတယ်။
ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးလား
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေမှုက နေ့စဉ် ထိတွေ့နေရတဲ့ ညစ်ညမ်းတဲ့ အရာတွေနဲ့ ဓာတ်တိုး ပစ္စည်း တွေကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
သွေးတွင်းအဆီ ကျစေလား
အမျှင်ဓာတ် ကြွယ်ဝမှုက သွေးတွင်းအဆီ ကျစေနိုင်ပြီး သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေ သလို နှလုံး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာက နှလုံး ကျန်းမာ စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ခရမ်းသီးခွံက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အရမ်းရင့်နေရင် မစားပါနဲ့။ နောက်ပြီး မစားခင်မှာ ရေထဲကို ဆားထည့်ပြီး ဆားရည်လေးနဲ့ သေချာ သန့်စင်အောင် ဆေးကြောပေးပါ။ ကျန်းမာရေး ကောင်းကျိုးရှိတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း အလွန်အကျွံ မစားမိဖို့တော့ လိုပါ မယ်။
DOCA(ပြည်ထောင်စုနယ်မြေ)