ရွှေဘိုခရိုင်၊ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းတွင် သစ်သီးမျိုးစုံရောင်းချသော ဆိုင်ပေါင်း (၈)ဆိုင်ခန့်ရှိပြီး နေ့စဉ် ပိတ်ရက်မရှိ နံနက် (၆:၀၀)နာရီမှ နေ့လယ် (၁၄:၀၀)နာရီ အထိ ရောင်းချလျက်ရှိပြီး ရာသီအလိုက် ကဗ္ဗလာသီး၊ နဂါးမောက်သီး ၊ သင်္ဘောသီး၊ ထောပတ်သီး၊ ပျားလိမ္မော်၊ ပန်းသီး စသည့် သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများမှ တစ်ဆင့်ယူ၍ ရောင်းချကြောင်း သိရပါသည်။
ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းတွင် ရောင်းချလျက်ရှိသော ထောပတ်သီးများမှာ တောင်ကြီးမြို့မှ လာသောထောပတ်သီး၊ ပြင်ဦးလွင်မြို့အနီးရှိ ကျေးရွာများမှ လာသော ထောပတ်သီး များဖြစ်ပြီး မန္တလေးမြို့ ပွဲရုံများမှလည်း တစ်ဆင့် မှာယူရကြောင်း၊ ထောပတ်သီး တစ်အိတ်လျှင် အကြီး/ အသေး ပေါ် မူတည်၍ အလုံး (၈၀)မှ (၁၀၀)ထိ ပါပြီး၊တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ထောပတ်သီးများကို အလုံးအကြီး အသေးခွဲ၍ လက်လီ တစ်လုံးလျင် အကြီး ၁၂၀၀ ကျပ်၊ အလတ် ၁၀၀၀ကျပ်၊ အသေး ၇၀၀ကျပ် ၊ထောပတ်သီး မျိုးကွဲ (Hass)သီး 1Kg လျှင် (၄၅၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ ရောင်းချရပြီး ထောပတ်သီးများကို အအေးဆိုင်များ၊ တစ်ဆင့် လှည့်လည်ရောင်းချသော ဈေးသယ်များ ၊ စားသုံးသူများမှ ဝယ်ယူကြ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်သီးစုံလက္ကား ရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)