ရာသီစာ ပေါ်ဦးပေါ်ဖျား ကန်စွန်းဥ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      ရွှေဘိုမြို့တွင် ဩဂုတ်လ ဒုတိယပတ်မှစ၍ ရာသီစာ ကန်စွန်းဥများ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ အချိန် (၃၀)ပိဿာမှ (၃၅)ပိဿာထိပါဝင်သော ကန်စွန်းဥ တစ်အိတ်လျှင်  (၄၀၀၀၀)ကျပ်ဖြင့် မန္တလေးမြို့ပွဲရုံများမှ မှာယူရောင်းချရကြောင်း သီးနှံရောင်းချသူများမှ သိရသည်။

          ကန်စွန်းဥ စားသုံးခြင်းဖြင့် ဦးနှောက်လုပ်‌ဆောင်မှုကောင်းစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ အစာအိမ်အနာကို သက်သာစေခြင်း၊ ရေဓါတ်ဆုံးရှုံးမှုကိုကာကွယ်ပေးနိုင်စေခြင်း စသည့် ကျန်းမာရေး ကောင်းကျိုးများစွာ ရှိသည်ဟု သိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ နောက်ဆုံးပတ်တွင် ကန်စွန်းဥ လက္ကားတစ်ပိဿာလျှင် (၁၈၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ဒေသတွင်း စားသုံးသူများ၊ ဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချသူများ၊ ကန်စွန်းဥပြုတ် ရောင်းချသည့် ညနေဈေးသည်များမှ တစ်ဆင့် ဝယ်ယူ၍ ဝင်ရောက်သမျှ အရောင်းအဝယ်သွက် လျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင် သာယာဈေးအတွင်းရှိ သီးနှံ လက္ကားဒိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)