ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် ပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ပဲတီစိမ်းသီးနှံကို ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ မတ်ပဲသီးနှံကိုလည်း မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများတွင် မတ်ပဲသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၇၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲတီစိမ်းရိုးရိုး()တင်းလျှင် (၁၀၀၀) ကျပ်နှင့် ထွက်တိုး()တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းသွားကြောင်း၊ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၈၀၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ဩဂုတ်လ တတိယပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း မတ်ပဲရိုးရိုး()တင်း လျှင်(၂၅၀၀)ကျပ်နှင့် မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းများဆက်လက် ကျဆင်းသွားကြောင်း၊ မတ်ပဲသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချ ကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)