
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်၏ ညွှန်ကြားချက်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်၍ ဝန်ထမ်းများသည် (၂၇.၈.၂၀၂၅)ရက်၊ နံနက် (၁၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် ဒီဂျစ်တယ်အသိပညာ၊ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာ သင်တန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ သင်တန်းသား/သူ စုစုပေါင်း (၂၀)ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်အုပ်စု အလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်အလက်များ၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဌာနမှဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းနှင့် Consumer Call Center 1535 သို့ ခေါ်ဆို မေးမြန်း တိုင်ကြားနိုင်ကြောင်းအသိပညာပေးခဲ့ပြီး သင်တန်းသူ ၁ ဦးအား လိုင်းခွဲ (၁) သို့ လက်တွေ့ ခေါ်ဆိုမေးမြန်းစေခဲ့ကြောင်း၊ ဆက်လက်၍ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းစနစ်အသုံးပြုပြီး ရောင်းချမည်ဆိုပါက မဖြစ်မနေအွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ပြီးမှသာ ရောင်းချရန်၊ မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချမည်ဆိုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှ သိလိုသည်များကို ရှင်းလင်းဖြေကြားပြီး အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)