မင်းဘူးမြို့၊ မြို့မဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးကို မကွေး မြို့နှင့် မင်းဘူးပတ်ဝန်းကျင်ရှိကျေးရွာများအပြင် အောင်ပန်းမြို့တို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(စတုတ္တပတ်)တွင် ခရမ်းချဉ်သီး()ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့် ရောင်းချ လျက်ရှိပြီး (ပထမပတ်)တွင် ခရမ်းချဉ်သီး()ပိဿာလျှင် ကျပ်(၂၀၀၀-၂၃၀၀)ဖြင့် ရောင်းချ ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း၌ ကိုင်းသီးများစတင်ထွက်ပေါ်လျက်ရှိသော်လည်း ထိုင်ဝမ်းသီးခရမ်းချဉ်သီး စိုက်ပျိုးသည့် ဒေသများတွင် အထွက်နှုန်းလျော့လာခြင်းနှင့် လမ်းပမ်းအခက်အခဲကြောင့် ဈေးနှုန်းမြင့် တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

DOCA(မကွေး)