ဘားအံမြို့ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာ များအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဉီးစီးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများသည် ၂၇-၈-၂၀၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လယ်  ၁၃:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံး သူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းများကို အသိပညာပေးဟောပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။

          အဆိုပါဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦး စီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် များအကြောင်း၊ စားသုံး သူကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွှေးချယ် ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်း အမှတ်အသားအကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာ များအကြောင်းနှင့်  စားသုံးသူနစ်နစ်ဆုံးရှုံးမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများ အကြောင်းကို  Power Point ဖြင့် ရှင်းပြပြီး Call Center (1535) အား စီးပွားရေးလုပ်ငန်းရှင်များ လက်တွေ့ခေါ်ဆို၍ ရှင်းလင်းပြောကြားခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip များအား Short Video ဖြင့်ပြခဲ့ပါသည်။

          အခမ်းအနားတွင် စီးပွားရေးလုပ်ငန်းရှင် (၂၀)ဦး စုစုပေါင်း (၂၀)ဦး တက်ရောက်ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)