
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာဈေးအနီးတွင် ခရိုင်/မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့်(၂၆.၈.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်တွင် ရပ်ကွက်နေပြည်သူများကို အခြေခံစားသောက် ကုန် ဆန်၊ဆီနှင့်ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆန်နှင့် စားအုန်းဆီများရောင်းချပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန နှင့် မြို့နယ် စားအုန်းဆီလက္ကားကိုယ်စားလှယ်များ၊ မြို့နယ်ဆန်ကုန်သည်များအသင်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် စားအုန်းဆီ (၅၀ ကျပ်သား)ဘူးခွံအပါ တစ်ဗူးလျှင် ၃၆၀၀/- ကျပ်နှုန်းဖြင့် ဆီပိဿာချိန် (၁၁၀)နှင့် ဆင်းသုခ ဆန်တစ်ပြည်လျှင် ၂၅၀၀/- ကျပ်တစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် ဆန်(၅)အိတ်၊ ကြက်ဥတစ်လုံးလျှင် (၃၅၀)ကျပ်ဖြင့် အလုံးရေ (၁၅၀၀)လုံးအား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)