
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အမှတ်၂ ရပ်ကွက် ရုံးရှေ့တွင် ၂၇-၈-၂၀၂၈ ရက်နေ့ နံနက် (၈:၀၀)နာရီအချိန်က ပြည်သူများကို သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဆီရောင်းချရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆီကုန်သည်များ အသင်း ကြီးကြပ်မှုဖြင့် ဆီပိဿာ ၁၁၀ပိဿာ အား သတ်မှတ်ရည်ညွှန်ဈေးနှုန်းဖြင့် ၁ပိဿာ ၆၇၀၀ကျပ်၊ လူတစ်ဦးလျှင် ၅၀ကျပ်သား လွပ်လပ်စွာဝယ်ယူနိုင်ရေး၊ ဒေသတွင် ပြည်သူများ စားအုန်းဆီဖူလုံစွာ ဝယ်ယူနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ယခုလို ဆီရောင်းချခြင်းလုပ်ငန်းကို စားသုံးသူရေးရာဦးစီးဌာန’ ညွှန်ကြားချက် များအတိုင်း ရော်ငးချပေးခြင်း အခြားသော ဌာနများကြီးကြပ် မတ်ဆောင်ရွက်မှုဖြင့် တစ်လလျှင် ၂ကြိမ် ခန့် ရပ်ကွက်နှင့် ကျေးရွာများသို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)