
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေး၊ အမှတ်(၂) ဈေးတို့ တွင် အိမ်ရှင်မများအတွက် ဟင်းလျာတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးများ ဈေးကျဆင်းပြီး အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ခရမ်းချဉ်သီးများကို မိမိတို့ဒေသမှ မထွက်ရှိသေး၍ အခြားပြည်နယ်များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အခြားပြည်နယ်ဖြစ်သော ရှမ်းပြည်နယ် အင်းလေးဒေသမှ ထွက်ရှိသော ခရမ်းချဉ်သီးများ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း ပုပ္ပါးနယ်မှ ထွက်ရှိသော ခရမ်းချဉ်သီးများ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ဈေးနှုန်းဈေးကွက် အနေဖြင့် ရှမ်းပြည်နယ် အင်းလေးဒေသမှ ထွက်ရှိသောခရမ်းချဉ်သီး မှာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် အရည်အသွေးနှင့် အလုံးအရွယ်အစားအလိုက် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၂၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် ဩဂုတ်လ(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့်ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)