ပခုက္ကူမြို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မတ်ပဲသီးနှံဈေးနှုန်းဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ် စိုက် ပျိုးလျက်ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၃၀၀၀)ခန့် စိုက်ပျိုးပြီး ရေစကြိုမြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်အရောင်း အဝယ်ဖြစ်သည့် အပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

              မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ မတ်ပဲတစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၈၉၀၀၀ မှ ၈၈၀၀၀) ဈေးရှိပြီး ယခင်ဩဂုတ်လ (ဒုတိယပတ်)တွင် ကျပ်(၈၆၀၀၀-၈၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ် အတွင်း မတ်ပဲတစ်တင်းလျှင် ကျပ်(၃၀၀၀)ခန့် ဈေးနှုန်းမြင့်တက် လာကြောင်း သိရှိရသည်။ မတ်ပဲ သီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိကြောင်း၊ ပြည်ပဈေးကွက်အပေါ် မူတည်၍ ဈေးနှုန်းအနိမ့်အမြင့်ရှိ ကြောင်း ပဲဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)