
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၁၅.၈.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့အလယ်ပိုင်းရပ်ကွက် အခြေခံပညာမူလတန်း ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမ (၂၆) ဦး၊ ကျောင်းသား၊ ကျောင်းသူ(၁၉၄)ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း(၃)ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြို့ နယ်တာဝန်ခံဦးဇော်နေလင်းက စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ် လာပုံ အဆင့်ဆင့်၊ ယခုဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အကြောင်းကိုလည်း ကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှုးမှ စာဖတ်ရှိန်မြှင့်တင် ရေးအကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည် ဖြေကြားခဲ့ပြီး အပြန်အလှန်အမေးအဖြေပြုလုပ်၍ ဖြေဆိုနိုင်သူအား ဆုချီးမြှင့်ခဲ့၍ လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
DOCA(မကွေး)