
မော်လမြိုင်မြို့အတွင်းသို့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် တို့မှ စားဖိုဆောင် သီးနှံများဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။ စားဖိုဆောင်သီးနှံများ ဝင်ရောက်မှု အခြေအနေမှာ ဩဂုတ်လ (၁၈) ရက်မှ (၂၄) ရက်နေ့ထိ ကြက်သွန်နီ (၆၆၄၃၃၅) ပိဿာ၊ ငရုတ်သီးခြောက် (၂၄၇၆၀) ပိဿာ၊ မန်ကျည်းမှည့် (၁၁၈၄၀) ပိဿာ၊ အာလူး (၇၆၉၈၀) ပိဿာ၊ ပဲဝါခြမ်း (၂၅၆၄၀) ပိဿာ၊ ဂျင်း (၉၉၅၀) ပိဿာ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မော်လမြိုင်မြို့၌ ဩဂုတ်လ (၁၈) ရက်မှ (၂၄) ရက်နေ့အတွင်း စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာ (၂၀၀၀) ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာ (၁၂၀၀၀) ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူးတစ်ပိဿာ (၆၀၀၀) ကျပ်၊ ပဲဝါခြမ်း တစ်ပိဿာ (၇၀၀၀) ကျပ်၊ ဂျင်းတစ်ပိဿာ (၆၅၀၀) ကျပ် စျေးနှုန်းရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)