
၂၇.၈.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ခေတ္တမြို့နယ်တာဝန်ခံ ဦးစည်သူသည် ကျိုက်ထို မြို့နယ် စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ကျိုက်ထိုမြို့နယ်ခေတ္တမြို့နယ်တာဝန်ခံက ဆီလက်ကားကိုယ်စားလှယ် (၁) ဦး၊ ဆီလက်လီကိုယ်စားလှယ် (၃) ဦးတို့အား တွေ့ဆုံ၍ ကျိုက်ထိုမြို့နယ် ဆီခွဲတမ်း ရရှိမှုအပေါ် သတ်မှတ်ရက်အတွင်း အချိန်နှင့်တပြေညီ ဆီထုတ်ယူပေးနိုင်ရန်၊ ဆီလက်ကား ကိုယ်စားလှယ်များမှလည်း ရရှိသည့်ဆီများကို စနစ်တကျရောင်းချသွားရန်၊ သတ်မှတ်ဈေးနှုန်း ဖြင့်ပြည်သူလက်ဝယ်တို့အရောက်ရောင်းချသွားရန်လိုအပ်ကြောင်း၊ မလိုလားအပ်သောနေရာ များသို့ မရောင်းချမိစေရန် လိုအပ်ကြောင်း၊ ကျေးရွာများသို့ဆီအရောင်းကိုယ်စားလှယ်များက လည်း ရောင်းချရက်အတွင်း သတ်မှတ်ချက်နှင့်အညီ ရောင်းချပေးနိုင်ရန်ကို အပတ်စဉ်ထုတ်ယူ ရောက်ရှိလာသည့် စားအုန်းဆီများ၏ ရောင်းလိုအား၊ ဝယ်လိုအားအခြေအနေများညီမျှရန် စားသုံးသူပြည်သူများ သက်သာချောင်ချိစွာဝယ်ယူနိုင်ရန်လိုအပ်ပါကြောင်း မိမိတို့ဌာနအနေဖြင့် လည်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း တက်ရောက်လာသော ဆီလက်လီ/လက်ကား ကိုယ်စားလှယ်များ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
DOCA (မွန်)