ကန့်ဘလူခရိုင်၏ ဩဂုတ်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာန များနှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန် စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ဘေး အန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊  အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များ၊  နှင့်ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်၊ အ.လ.က(ခွဲ)(၁)ကျောင်းမုန့်ဈေးတန်းရှိ မုန့်မျိုးစုံဆိုင်များ အားလည်းကောင်း၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကိတ်မုန့်လုပ်ငန်းသို့လည်းကောင်းဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည်ဖြင့်စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၃)ကြိမ်၊ ကျွန်းလှမြို့နယ်အနေဖြင့်ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးရှိ ကုန်စုံဆိုင်များနှင့် ကျွန်းလှမြို့၊ ပိတောက် မြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်း(၁)ကြိမ်နှင့် ကျွန်းလှမြို့နယ် ၊ ရှမ်းစုကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့်မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကို သာဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသည့်ကုန်စည်များ ကိုရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မ ရှင်၏ ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)