
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ၂၀၂၅ခုနှစ်၊ဩဂုတ်လ စတုတ္ထပတ်တွင် ရောင်းချလျက်ရှိသော ပန်းကုံးဈေးနှုန်းများမှာ ဇွန်ပန်း(၁)ကုံးလျှင် (၃၀၀)ကျပ်၊ ဇွန်ပန်း(၂)ကုံးလျှင် (၅၀၀)ကျပ်၊ ခရေပန်း(၁)ကုံးလျှင်(၂၀၀)ကျပ်၊ ခရေပန်း(၃)ကုံးလျှင် (၅၀၀) ကျပ်၊မြတ်လေးပန်း(၁)ကုံးလျှင်(၂၀၀)ကျပ်၊ မြတ်လေးပန်း(၃)ကုံးလျှင်(၅၀၀)ကျပ်၊ ရွှေပန်း၊ ငွေပန်း (၁)ကုံးလျှင်(၁၀၀)ကျပ်၊ ရွှေပန်း၊ငွေပန်း(၆)ကုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ထိုပန်းကုံးများကို ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း၊ အမျိုးသမီးများအလှပန် ရန်အတွက်လည်းကောင်း၊ ကားများ၊ ဈေးဆိုင်များတွင် သဘာဝပန်းအလှများ ချိတ်ဆွဲရန်အတွက် လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)