ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်တွင်ပြုလုပ်သည့် (၁၀)တန်းသွားမျိုးစေ့ချစက်နှင့် မျိုးစေ့ချကိရိယာ(Drum Seeder)တို့ဖြင့်မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာ၊ တောင်သူဦးငြိမ်းဝင်း၏ စိုက်ဧက()ဧကတွင် ရက်(၉၀)စပါးမျိုးအား (၁၀)တန်းသွားမျိုးစေ့ချ စက်နှင့် မျိုးစေ့ချ ကိရိယာ(Drum Seeder)တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်အတူ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။

      ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးငြိမ်းဝင်း၏ စိုက်ဧက()ဧက တွင် ရက်(၉၀)စပါးမျိုးအား (၁၀)တန်းသွားမျိုးစေ့ချစက်နှင့် မျိုးစေ့ချကိရိယာ (Drum Seeder)တို့ဖြင့် မိုးစပါးစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က "တိုင်းဒေသကြီးအနေဖြင့်  ယခုနှစ်သည် မိုးစပါးပန်းတိုင်အထွက်နှုန်း ဧက တင်း (၁၀၀) ပြည့်မီအောင်ရောက်ရှိ ရမည့်နှစ်ဖြစ်ပါကြောင်းနှင့် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူကြီးများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်လျက်ရှိသည့်အပြင် နိုင်ငံ့စီးပွား မြှင့်တင်ရေးအစီအစဉ်တွင် အကျုံးမဝင်သည့် တောင်သူများကိုလည်း သွင်းအားစုများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း၊ တောင်သူကြီးများအနေဖြင့် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက်  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက တောင်သူများအား အထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကိုအခြေခံ၍ ဆောင်ရွက်ရမည့်အခြေအနေများ၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မြေခံ ထည့်သွင်းဆောင်ရွက်မှု အခြေအနေများ၊ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ တစ်ဧက ကောက်ကွက် ပြည့်မီရေး၊ မြေဩဇာများကြဲပက်ဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရန်အတွက် အပင်ကြီးထွားမှု အဆင့်ဆင့်အလိုက် အချိန်ကိုက်အချိုးမှန်စွာ ကြဲပက်ပေးရမည့် အခြေအနေများ၊ ရိတ်သိမ်းခြွေလှေ့ရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကိစ္စရပ်များကို တောင်သူများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

       ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်း ကျေးရွာအုပ်စု၊ ကြခတ်ချောင်ကျေးရွာရှိ ပိုင်ရှင်ဦးအောင်သက်ပိုင်၏ နို့စားနွား(၇၀)ကောင်နှင့် အသားစားနွား()ကောင်မွေးမြူထားရှိမှုများ၊ ရွှေနွားအမှတ်တံဆိပ်ဖြင့် နို့အေး၊ ဒိန်ချဉ်နှင့် နွားနို့စိမ်းထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ရာ ခြံပိုင်ရှင်က တန်ဖိုးမြှင့်ထုတ်ကုန်အနေဖြင့်  နို့အေး၊ ဒိန်ချဉ်များထုတ်လုပ်၍   ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချမှု၊ တစ်ရက်နွားနို့ရရှိမှု၊ နွားနို့တစ်ပိဿာရောင်းဈေးတို့ကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး က နို့စားနွားတိုးချဲ့မွေးမြူရေးစီမံကိန်းတွင် ပါဝင်သည့် မေထုန်မဲ့သားစပ်နည်းဖြင့် သားစပ်ခြင်း ဆောင်ရွက်မှုများနှင့် နွားသားပေါက်များရရှိမှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထုတ်ပိုးမှုစနစ်များ ပိုမိုကောင်းမွန်စေရန်၊ တစ်ပိုင်တစ်နိုင်အဆင့်မှ တိုးတက်မွေးမြူနိုင်ရေး ဆောင်ရွက်ရန်၊ လုပ်ငန်းတိုးချဲ့ရေးအတွက်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် တင်ပြတောင်းခံရန်နှင့် မှတ်တမ်းများ စနစ်တကျပြုစုဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပြီး မွေးမြူရေးခြံသုံးဆေးဝါးများ ပေးအပ်ခဲ့သည်။

DOCA(ဧရာဝတီ)