မလှိုင်မြို့နယ်တွင် ပြောင်းဖူးစိုက်ပျိုးခြင်းမှာလည်း အကျိုးကျေးဇူးများစွာရရှိ

Powered by Drupal

          မလှိုင်မြို့နယ်ရှိ နှမ်းစိုက်တောင်သူအချို့မှာ ပြောင်းဖူးကို နှမ်းနှင့်ရော၍ စိုက်ပျိုးရာ အကျိုးအ မြတ်ရရှိခဲ့ကြောင်းသိရသည်။ နှမ်းခင်းအတွင်း ပြောင်းဖူးစေ့ကို နှစ်ပြည်ခန့် ရော၍ စိုက်ပျိုးကြပြီး၊ စိုက်  ပျိုးစရိတ်အနေဖြင့် သီးခြားကုန်ကျမှုမရှိဘဲ မျိုးစေ့ဘိုးအနေနှင့် တစ်ပြည် (၁၀၀၀၀) ကျပ်နှုန်းဖြင့်သာ ကုန်ကျခဲ့ကြောင်း၊ ထွက်ရှိလာသော ပြောင်းဖူးပင်ကို နွားစာအဖြစ် အသုံးပြုနိုင်ပြီး၊ ပြောင်းဖူးကို မိသားစုအတွက် သွားရည်စာအဖြစ်လည်းကောင်း၊ ဟင်းချက်၍လည်းကောင်း စားသုံးနိုသ်သည့်အပြင် ပြောင်းဖူးကို မလှိုင်မြို့ပေါ်သို့ သွားရောက်ရောင်းချရာမှာတော့ ကျပ်တစ်သိန်းကျော်ရရှိကြောင်း ပြောင်းဖူးစိုက်တောင်သူများထံမှ သိရှိရပါသည်။ မိုးတွင်းမှာ နှမ်းနှင့်ရော၍ စိုက်ပျိုးရာမှ ရရှိခဲ့သော ပြောင်းဖူးစေ့ကို မျိုးစေ့အနည်းငယ်ချန်ကာ လာမည့်ဆောင်းသီးနှံ ထောပတ်ပဲနှင့်ရော၍ စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ ထောပတ်ပဲပင်အနွယ်တက်ရန်ကိုလည်း အထောက်အကူဖြစ်သဖြင့် အကျိုးကျေးဇူး များစွာ ရရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)