
ပြည်ဈေးကွက်အတွင်း စားဖိုဆောင်သီးနှံဖြစ်သော သခွားသီးများမှာ အရောင်းသွက် လျက်ရှိပြီး ပုတီးကုန်း၊ ဝက်ပုတ်၊ ဆင်မြီးဆွဲ၊ ရွှေတောင်စတဲ့ နယ်ဘက်မှ ဝင်ရောက်မှုရှိနေသလို ပြည်မြို့၊ မှော်ဇာကျေးရွာ၊ တောင်ခွေးရဲကျေးရွာများမှလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ပါသည်။
သခွားသီးသည် အလှအပတွက်သာမက ကိုယ်ခန္ဓာကျန်းမာရေးအတွက်ပါ အကျိုးပြုပါသည်။ ကိုယ်အလေးချိန်မတက်စေသလို ဝိတ်ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ သခွားသီး သည် သွေးတွင်းသကြားဓါတ်ကိုကျစေလို့ ဆီးချိုရောဂါရှိသူတွေအတွက်လည်း စားလို့ အဆင်ပြေ စေပါသည်။ ဘက်စုံအသုံးဝင်သည့် သခွားသီးကို ရန်ကုန်သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေးများသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။
ဈေးနှုန်းဈေးကွက်များအနေဖြင့် သခွားသီး အစိမ်းစားတစ်လုံးလျှင် (၃၀၀)ကျပ်၊ အမှည့်စား သီးအလုံး(သခွားသီးသုတ်စား)အလုံးကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း တင်ပို့နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)