
ပြည်ဈေးကွက်အတွင်း စားဖိုဆောင်သီးနှံဖြစ်သော အဝါရောင် ရွှေဖရုံသီးဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ပုတီးကုန်း၊ ဝက်ပုတ်၊ ဆင်မြီးဆွဲ၊ ရွှေတောင်စတဲ့ နယ်ဘက်မှ ဝင်ရောက်မှုရှိနေ သည်။ တစ်ပတ်လျှင် နှစ်ကြောင်း ဝင်ရောက်မှုရှိပြီး ရွှေဖရုံသီး(စင်သီး)နှင့် လက်ရိုက်သီးခေါ် အလုံးသေးများရှိသည်။ တစ်ခါဝင်လျှင် အလုံး (၈၀ - ၁၀၀)ခန့်ဝင်ပြီး အရောင်းအဝယ်မှာ တစ်ပတ် အတွင်း အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ပါသည်။ ဈေးနှုန်းမှာ ရွှေဖရုံသီး (စင်သီး) တစ်လုံးလျှင် (၇၀၀- ၈၀၀)နှုန်းအသီးသီးရောင်းဝယ်မှုရှိပါသည်။ လက်လေးလုံးခန့်(စင်သီး) တစ်စိပ်လျှင် (၇၀၀ - ၈၀၀)ခန့်ရောင်းချမှုရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)