
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နံနက် ၁၀:၃၀နာရီက အထက(ခွဲ)ညောင်အိုင်ကျောင်း ခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ ခရိုင်/မြို့နယ်ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ၊ ကုတင် ၁၀၀ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျန်းမာရေးဆရာမက ခန္ဓာကိုယ်အတွက်အရေး ကြီးသော အစာအုပ်စု(၃)စုအကြောင်း၊ ကုတင် ၁၀၀ ဆေးရုံအုပ်ကြီးက အာဟာရဖွံ့ဖြိုးရေးအ ကြောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အစာအုပ်စု(၃)အုပ်စုအကြောင်းကို ကျောင်းသား/သူများနှင့် အပြန်အလှန်အမေးအဖြေပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက် ၍ ကျောင်းသား/သူများအား သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ KGကျောင်းသား/သူများအား အာဟာရဖွံ့ဖြိုးရေးအတွက် ထမင်း၊ ကြက်သား၊ ပဲနှပ်၊ ကန်စွန်းရွက် ကြော်နှင့် ငှက်ပျောသီးများ ကျွေးမွေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသည့်အစားအ သောက်များသည် ကျန်းမာရေးနှင့်ညီညွှတ်မှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA (စစ်ကိုင်း)