ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်()အခြေခံပညာအထက်တန်း ကျောင်းတွင် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဩဂုတ်လ ၁၆ ရက် နံနက် ၀၇:၀၀နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        ထိုသို့စုပေါင်းသန့်ရှင်းရေးဆာင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံး သူရေးရာဦးစီးဌာနမှ တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ စုစုပေါင်းအင်အား(၃၀၀)ခန့်က အထက()ကျောင်းဝင်းအတွင်း အမှိုက်များနှင့်ခြုံနွယ်များရှင်းလင်း ခြင်း၊ တံမြက်စည်းလှဲခြင်း၊ သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)