
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ဈေးကွက်အတွင်းသံပရာသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ သံပရာသီးကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ ဘားအံမြို့ဈေးကွက်အတွင်းရှိသံပရာသီးများသည် ဘားအံမြို့အနီးကျေးရွာများနှင့် ကြာအင်း ဆိပ်ကြီး၊ မော်လမြိုင်၊ ရေးမြို့နှင့် ထိုင်းတို့ဘက်မှ ဝင်ရောက်လာသော သံပရာသီးဈေးများရှိကြောင်း သိရသည်။ မြန်မာသံပရာသီး အိတ်ကြီးတစ်အိတ်လျှင် (၂၀၀၀၀၀၊၂၅၀၀၀၀)ကျပ်ဖြစ်ပြီး တစ်အိတ်တွင် အလုံးရေ ၁၅၀၀မှ၁၇၀၀ထိ ပါသည်။ သံပရာသီးအလုံးကြီး တစ်လုံးလျှင်(၃၀၀)ကျပ်၊ သံပရာသီး အလုံးလတ်တစ်လုံးလျှင်(၁၅၀)ကျပ်နှင့်သံပရာသီးအလုံးသေးတစ်လုံးလျှင်(၁၀၀)ကျပ်နှင့် ယိုးဒယား စပ်သံပရာသီး အလုံးကြီးတစ်လုံးလျှင်(၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ စိုက်တောင်သူများအနေဖြင့် နွေရာသီမရောက်သေးတော်လည်း ယခုမှစ၍ သံပရာသီးများဈေးကောင်းရကာ တွက်ချေကိုက်လျက်ရှိကြောင်းနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သံပရာသီးနှင့်၊ ရှောက်သီးကို အများဆုံး စိုက်ပျိုးကြောင်း သိရသည်။
DOCA (ကရင်)