
၂၀၂၅ခုနစ်၊၂၆ကြိမ်မြောက်မြန်မာရိုးရာယာဉ်ကျေးမှုအဆို၊အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှုင်းအစည်းအဝေးကို သြဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဌတို့တက်ရောက်ပြီးတိုင်းဒေသကြီးတွင်းရှိ နာဂ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသကလေးခရိုင်၊ ကသာ၊ ကောလင်းခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဉီးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video conferencing စနစ်ဖြင့် တက်ရောက်ကြောင်းသတင်းရရှိပါသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က (၂၆) ကြိမ်မြောက် အဆို၊ အက၊ အရေးအတီး ပြိုင်ပွဲအမျိုးအစားများအနေဖြင့်အခြေအခံအဆင့် (၁၀-၁၅)နှစ်(၁၅-၂၀)နှစ်၊အဆင့်မြင့် အမျိုးအစားသုံးမျိုး ပြိုင်ပွဲဝင်သွားမည် ဖြစ်ပါကြောင်း မဖြစ်မနေတိုင်းကိုယ်စားပြုလုပ်ဆောင်ကြရမည်ဖြစ်ပါ၍ သက်ဆိုင်ရာ ခရိုင်မြို့နယ်အဆင့်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးမှူးများကလည်းမိမိတို့ဒေသမှဆက်စပ်နေသောအရည်အချင်းကောင်းမွန်သည့်အနုပညာမျိုးဆက်သစ်ရွက်ပုန်းသီးလေးများကိုရှာဖွေ၍မြေတောင်မြှောက်ရွေးချယ်ရန်၊ဌာနဆိုင်ရာများကလည်းစိတ်ဝင်စားစွာပါဝင်ကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း၊မိမိတို့တိုင်းအောင်နိုင်ရေးအတွက်စိတ်ဝင်စားစွာတက်တက်ကြွကြွအားထည့်၍အကြံပြုခြင်း၊အနုပညာရှင်များမွေးထုတ်ခြင်း၊ပညာရေးနှင့်သက်ဆိုင်သောကျောင်းများကလည်းမိမိတို့အဆင့်အတန်းအလိုက်အပြိုင်အဆိုင်မွေးထုတ်နိုင်ရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊တိုင်းအောင်နိုင်ရေးအတွက်တိုင်းကိုယ်စားပြု အဆို၊အက၊အရေး၊အတီး၊ ပြိုင်ပွဲအောင်နိုင် လိုအပ်သည်များကိုလည်းဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊တိုင်းကိုယ်စားပြုတာဝန်ပေးအပ်ထားသောအောင်နိုင်ရေးကော်မတီအဖွဲ့ဝင်များကြိုးစားအားထုတ်မှုများကိုအသိအမှတ်ပြုသလို ဆက်လက်၍ ကြိုးစားအား ထုတ်ပေးရန်လိုအပ်ပါကြေင်း၊ ကောင်းမွန်သောအသိစိတ်ဓတ်ဖြင့်တိုင်း အောင်နိုင်းရေးကိုပူးပေါင်း အကောင် အထည်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)