စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၅)ဆိုင်ရှိပြီး ဩဂုတ်လ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၁၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၇၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဩဂုတ်လ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၁၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၇၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စားအုန်းဆီ ဈေးနှုန်းနှင့် ပဲဆီသန့်ဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး၊ နှမ်းဆီသန့် တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း စားသုံးဆီ လက်ကား အရောင်းဆိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)