တောင်ပေါ်ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါ၍ မိသားစုဝင်ငွေများ နှစ်စဉ်ရရှိ

Powered by Drupal

    တောင်ပေါ်ခရမ်းချဉ်သီးဟု လူသိများသည့် ခရမ်းချဉ်သီးသည် အအေးပို့သည့် တောင်ပေါ် ဒေသဖြစ်သည့် အမြင့်ပေ ( ၃၀၀၀ ) ကျော်တွင်သာ အသီးတင်ပြီး အပင်သည် လူတစ်ရပ်ကျော်မြင့်သည့် အပင်တစ်မျိုးဖြစ်ပါသည်။ ယင်းတောင်ပေါ်ခရမ်းချဉ်သီးသည် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မိုးကုတ်နှင့် ဗန်းမော်ဒေသများတွင် တွေ့ရလေ့ရှိပါသည်။

       တောင်ပေါ်ခရမ်းချဉ်သီးသည် အမျှင်ဓါတ်၊ ပရိုတင်းဓါတ်၊ သတ္တုဓါတ်နှင့် ဗီတာမင်ဓါတ်များပါဝင်သည့်အတွက် ခန္ဓာကိုအတွက် လိုအပ်သည့် အဟာရများကို ကောင်းစွာ ထောက်ပံ့ပေးပြီး ချဉ်စူးသည့် အရသာရှိသည့်အတွက် မီးဖုတ် ( သို့မဟုတ် ) ပြုတ်၍ ငါးပိအနည်းငယ်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်များဖြင့် သမအောင်ရောမွှေကာ စားသုံးကြပြီး ရာသီစာ တောင်ပေါ်ခရမ်းချဉ်သီး စိုက်ပျိုးသည့် တောင်သူများအနေဖြင့် နှစ်စဉ် မိသားစုဝင်ငွေရရှိသည့် အသီးနှံတစ်မျိုးဖြစ်ပါသည်။ ဈေးကွက်အတွင်းတွင် တောင်ပေါ်ခရမ်းချဉ်သီး အကြီးနှစ်လုံးလျင် ( ၁၅၀၀ ) ကျပ်၊ အသေး တစ်လုံးလျင် ( ၅၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)