
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၈.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ဝက်သား တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။
ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)ကျပ်၊ ဆန်တစ်ပြည်(၂၀၀၀)ကျပ်၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)ကျပ်၊ဝက်သား၁ပိဿာ(၂၅၀၀၀)ကျပ် အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
( DOCA ဧရာဝတီ)