မြောင်းမြခရိုင်၊ လပွတ္တာမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈;၀၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊အမဲသား တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)ကျပ်၊  ဆန်တစ်ပြည်(၂၀၀၀)ကျပ်၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)ကျပ်၊အမဲသား၁ပိဿာ(၂၀၀၀၀)ကျပ် အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

( DOCA ဧရာဝတီ)