
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးမြေပဲ (၁၇၃)ဧကကို မေလ နှင့် ဇူလိုင်လတို့တွင် စိုက်ပျိုးခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ၊ အောက်တိုဘာ လတွင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း ၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၂၅) တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်ပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင် (၇၀) တင်း မျှော်မှန်း ထားသော်လည်း ရာသီဥတုနှင့် စိုက်ပျိုးနည်းစနစ် အပေါ်မူတည်၍ ကွဲပြားမှုများရှိကြောင်း သိရှိရ ပါသည်။
စံကွက်များအနေဖြင့် စိုက်ပျိုးကုန်ကျစရိတ်မှာ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် (၄) သိန်း ကျော်ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ပွဲရုံများနှင့် ဒေသတွင်း ဆီစက်များတွင် ကြိတ်ခွဲရောင်းချကြကြောင်း၊ လက်ရှိဈေးနှုန်းအနေဖြင့် မြေပဲအဆံတစ်ပိဿာလျင် (၆၅၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျင် (၁၈၀၀၀-၁၉၀၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျင် (၂၅၀၀)ကျပ်၊ မြေပဲ အတောင့်ဖတ် တစ်ပိဿာလျင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)