သာစည်မြို့နယ်အတွင်း မိုးနှမ်းများ လှိုင်လှိုင်ပေါ်လျက်ရှိ

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး လယ်ယာထွက်ကုန်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးနှမ်းကို (၃၀၆၅၅)ဧက စိုက်ပျိုးခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် မေလတွင် စတင်စိုက်ပျိုးခဲ့ ကြပြီး ဇူလိုင်လမှစတင်၍ ရိတ်သိမ်းလျက်ရှိကြောင်း ၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၅) တင်းခန့် ထွက်ရှိခဲ့ ကြောင်း၊ ပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင်(၂၀) တင်းမျှော်မှန်းထားသော်လည်း ရေမြေရာသီဥတု နှင့် စိုက်နည်းစနစ်များအရ ကွာခြားမှုရှိကြောင်း သိရှိရပါသည်။

   မိုးနှမ်းစံပြကွက်များတွင် ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧက စုစုပေါင်း (၂) သိန်းကျော်ကုန်ကျကြောင်း၊ ယခုနှစ်တွင် တစ်ဧက (၅.၅) တင်း၊ (၆)တင်း ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ ဆီစက်များအပြင် ပွဲရုံများတွင် ရောင်းချကြကြောင်း၊ ဈေးနှုန်းအနေဖြင့် နှမ်းတစ်တင်းလျင် (၈၅၀၀၀-၈၈၀၀၀)ကျပ်၊ နှမ်းတစ်တင်း လျှင် နှမ်းဆီ (၇) ပိဿာ  ဝန်းကျင်ထွက်ရှိကြောင်း၊ နှမ်းဆီတစ်ပိဿာလျင် (၁၄၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျင် (၂၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တောင်သူတစ်ဦး ထံမှ သိရှိရပါသည်။

DOCA(မန္တလေး)