သာစည်မြို့နယ်တွင် ပိုက်ဆံလျှော် စမ်းသပ်စိုက်ပျိုးလျက်ရှိ

Powered by Drupal

    လူဦးရေတိုးပွားလာသည်နှင့်အညီ စားနပ်ရိက္ခာ ၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်ရန် လိုအပ်သကဲ့သို့ မြေဆီလွှာ၏ ကျန်းမာရေးကိုလည်း အထူးဂရုပြုရန် လိုအပ်သဖြင့် ပိုက်ဆံလျှော်များ ကို စမ်းသပ်စိုက်ပျိုးလျက်ရှိပါသည်။ ပိုက်ဆံလျှော်သည် လျှော်အဖြစ်ထုပ်လုပ်နိုင်သည့်အပြင် သစ်စိမ်းမြေဩဇာအဖြစ်လည်းကောင်း ၊ ကျွဲနွားစာအဖြစ်လည်းကောင်း၊ ပိုက်ဆံလျှော်ပင်များကို အခြောက်လှန်း၍ ထုထောင်းခြင်းဖြင့် ကြာမြင့်စွာသိုလှောင်နိုင်ပြီး ပိုက်ဆံလျှော် မြေဩဇာအဖြစ် လည်းကောင်း အသုံးပြုနိုင်ကြောင်း၊ ရိတ်သိမ်းရာတွင် သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက စိုက်ပျိုးပြီး ရက် (၆၀) မှ (၇၅) ရက်အတွင်း ထယ်မှောက်ပြီး အသုံးပြုရမည်ဖြစ်ကြောင်း၊ ၎င်းအချိန် သည် အာဟာရဓါတ် အများဆုံးပါဝင်ကြောင်း၊ သစ်စိမ်းမြေဩဇာ အသုံးပြုခြင်းအားဖြင့် ဓါတ်မြေ    ဩဇာ သုံးစွဲမှုကို လျော့ချနိုင်သဖြင့် ပိုက်ဆံလျှော်ဖြင့် သီးလှည့်စိုက်ပျိုးခြင်းသည် ရောဂါပိုးမွှားများ နှိမ်နှင်းရာတွင် အထောက်အကူဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။

          တောင်သူအချို့သည် မိုးဦးကျကာလတွင် သီးနှံမစိုက်ပျိုးမီ ပိုက်ဆံလျှော်ကို စိုက်ပျိုးပြီး မြေပြင် ခြင်း၊ သစ်စိမ်းမြေဩဇာ ထုတ်လုပ်ရန်အတွက် စိုက်ပျိုးကြကြောင်း၊ယခုနှစ်တွင် သာစည်မြို့နယ်၌ ပိုက်ဆံလျှော် (၄)ဧကခန့် စိုက်ပျိုးထားရှိပြီး  ပိုက်ဆံလျှော်များကို စိုက်ပျိုးထားရှိပြီး တစ်ဧကလျှင် (၃)ပြည်ခန့် စိုက်ပျိုးရကြောင်း၊ သာစည်မြို့နယ်၊ အင်တိုင်းသာကျေးရွာတွင် ပိုက်ဆံလျှော် တစ်ပြည် လျှင် ၈၀၀၀/၊-၉၀၀၀/-ကျပ်နှုန်းဖြင့် ဝယ်ယူ စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)