ရှောက်သီးနှင့် သံပုရာသီးဈေးနှုန်း

Powered by Drupal

                စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့် အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ဩဂုတ်လ တတိယပတ်တွင် မုံရွာမြို့ မြသလ္လာဈေး၊ သံလမ်းဈေးနှင့် ရပ်ကွက်ဈေးတို့၌ သံပုရာသီးဈေးနှုန်းမှာ အရွယ်အစား အကြီး/ အသေး  အပေါ်မူတည်၍ တစ်လုံးလျှင် (၁၀ဝိ/-)ကျပ်မှ (၁၅၀)ကျပ်ထိလည်းကောင်း၊ ရှောက်သီး(အသေး)(၁)လုံးလျှင် (၂၅၀)ကျပ်နှင့်  ရှောက်သီး (အသေး) (၁)လုံးလျှင်(၃၀၀)ကျပ်ထိ ရောင်းချလျက်ရှိရာ သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာယို၊ သံပုရာ ဖျော်ရည်နှင့် အသုပ်များတွင် ထည့်သွင်း စားသုံးရပြီး ရှောက်သီးမှာ ဆေးဖော်စပ် ရာတွင်လည်း အသုံးပြုကြသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများ ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)