
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့မဈေးကွက်တွင် ဈေးနှုန်းကောင်းရရှိပြီး စားသုံးသူ များပြားသော ဒေသစာ၊ ရာသီစာဖြစ်သော မင်းဂွတ်သီးများ ယခုနှစ်အတွင်း အရောင်း အဝယ်ကောင်း၊ အထွက်နှုန်းကောင်းခြင်း သိရှိရသည်။ မင်းဂွတ်သီးဈေးနှုန်းများမှာ ပေါ်ဦးပေါ်စ တွင် ဈေးကောင်းရရှိမှုနှင့် အသီးအရွယ်အစားပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိသည်။
၂၀၂၅ခုနှစ်၊ ယခင်လ(ဇူလိုင်လ) မင်းဂွတ်သီးဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် ၇၀၀ကျပ်၊ မင်းဂွတ်သီး (အလတ်) တစ်လုံးလျှင် ၅၅၀ကျပ်နှင့် မင်းဂွတ်သီး (အသေး) တစ်လုံးလျှင် ၃၀၀ကျပ်ခန့် ရရှိခဲ့ရာမှ ယခုလ(ဩဂုတ်လ) နောက်ဆုံးပတ်တွင် မင်းဂွတ်သီး ဈေးနှုန်းမှာ မင်းဂွတ်သီး (အကြီး)တစ်လုံးလျှင် ၅၀၀ကျပ်၊ မင်းဂွတ်သီး (အလတ်) တစ်လုံး လျှင် ၃၅၀ ကျပ်နှင့် မင်းဂွတ်သီး (အသေး)တစ်လုံးလျှင် ၂၅၀ကျပ်ခန့် ဖြစ်၍ ဈေးနှုန်း နှိုင်းယှဉ်ချက် ၂၀၀ကျပ်မှ ၁၀၀ခန့် ကျဆင်းမှုတွေ့ရှိရသည်။ မွန်ပြည်နယ်အတွင်း ထွက်ရှိသည့် မင်းဂွတ်သီးများကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ တင်ပို့လျှက်ရှိသည်။
အသီးထွက်နှုန်းအနေဖြင့် ယခင်နှစ်ထက် ယခုနှစ်မှာ အသီးထွက်နှုန်းကောင်း၍ မင်းဂွတ်ခြံရှင်များ အကျိုးအမြတ်ပိုမိုရရှိသည်။ မွန်ပြည်နယ်အတွင်း မင်းဂွတ်သီးစိုက်ပျိုးသည့် ဧက ၆၀၀၀ ကျော်ရှိသည်။ မင်းဂွတ်သီးစိုက်ပျိုးရာတွင် ရင်းနှီးမှုနည်းပါး၍ အပင်ကို ရေပုံမှန်ပေးခြင်း၊ ပိုးမွှားကင်းရှင်းလင်းပေးခြင်းလျှင် အသီးအလုံးကောင်းပြီး အသီးသီးနှုန်း ကောင်း၍ အထွက်နှုန်းကောင်းကြောင်း မင်းဂွတ်သီးခြံရှင်မှ သိရှိရသည်။
DOCA (မွန်)