(၁၅-၈-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒေါ်မြင့်မြင့်အေး(ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်း(၄)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာ(ဈေးများဌာန)တို့ ပူးပေါင်း၍ ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနားမြို့မဈေးနှင့် အာဟာရသုခ ဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များ၊ ဆန်ဆိုင်များသို့ သွားရောက်၍ ကုန်ဈေးနှုန်းများ ဈေးနှုန်း မြင့်တင်ရောင်းချနေခြင်းရှိ/ မရှိ ရှောင်တခင် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင်ရောင်းချနေခြင်းဘဲ ယခင်ဈေးနှုန်းများအတိုင်းသာ ရောင်းချလျက်ရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)