ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာရှိ ကုန်စုံဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့်ဝန်ထမ်းများသည် ၁၆-၈-၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာရှိ လက်လီ၊လက်ကား ဖြန့်ဖြူး ရောင်းချနေသော ကုန်စုံဆိုင်များရှိ ကုန်ပစ္စည်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်၍ လုံခြုံစိတ်ချ ရမှုရှိစေရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပြဌာန်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ သက်တမ်းလွန်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချလျက် ရှိ/မရှိနှင့် ကုန်အညွှန်အမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း မရှိသော ကုန်စည်များကိုမရောင်းချရန် ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(ကရင်)