လက်ပံတန်းမြို့ဈေးအတွင်းရှိ ကြက်သွန်နီနှင့် အာလူးဈေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ ဇူလိုင်လတတိယပတ်မှ ဇူလိုင်လနောက်ဆုံးပတ်ထိ  ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၁၆၀၀/ ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၅၀၀/ကျပ် ဈေးနှုန်းဖြင့် လက်လီ ရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန် (၁၀)ပိဿာ မှ စတင်၍အိတ်လုံးဈေး ကြက်သွန်နီအကြီး တစ်ပိဿာလျှင်၁၅၀၀/ကျပ်၊  ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၁၃၀၀/ကျပ်၊ ကြက်သွန်နီ(အသေး) လက်ကားဈေးနှုန်း တစ်ပိဿာလျှင်၁၂၀၀/ ကျပ် ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး ဩဂုတ်လဒုတိယပတ်တွင်လည်း  ကြက်သွန်နီ ဈေးနှုန်းများဈေးငြိမ်နေကြောင်း သိရှိရပါသည်။

          အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိသာလျှင် ဇူလိုင်လဒုတိယပတ်တွင်   ၄၅၀၀/၅၀၀၀ကျပ် ဈေးရှိခဲ့ပြီး ယခု ဩဂုတ်လ ဒုတိယပတ်တွင်လည်း အာလူးဈေးနှုန်းများမှာ ၅၀၀၀/၅၅၀၀ ကျပ်ဈေးဖြင့် ရောင်းချသဖြင့် ဈေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)