သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်တွင်စားအုန်းဆီလက်လီ/လက္ကားဈေးကွက်ရှောင်တခင်စစ်ဆေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်အတွင်း စားအုန်းဆီလက်လီ/လက္ကားရောင်းချနေမှု အခြေအနေအား ၁၃.၈.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးရာတွင် အုတ်ဖိုမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေသော ဆိုင်များအနေ ဖြင့်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဗွီနိုင်းများချိတ်ဆွဲရောင်းချကြောင်း သတ်မှတ်  ဈေးနှုန်းများအတိုင်း အိမ်ထောင်စုအလိုက်၊ စားအုန်းဆီဝယ်ယူခွင့်၊ စားအုပ်များဖြင့်ရောင်းချနေ ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)