ဓနုဖြူမြို့နယ် အတွင်းရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဈေး၊ ဈေးတန်းနှင့် ကုန်စုံဆိုင်များတွင် သွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းကို (၁၄-၈-၂၀၂၅) နေ့နံနက် ၁၀ နာရီအချိန်က မြို့မ‌ဈေး၊ အကျော်တာဈေး အတွင်းရှိ‌ ဈေးဆိုင်များ၊ ကုန်စုံဆိုင် ၈ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်၊ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးက စစ်ဆေးပြီး ပြည်သူများ အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဥ်း၍ သွားတိုက်ဆေးအမျိုးတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြရမည့်အချက်များ ပါရှိမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား ၁၀ မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေး ရာဦးစီးဌာန နှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)