
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတရရှိ စေရန် ရည်ရွယ်ပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး သိကောင်းစရာနှင့် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာများအကြောင်း အသိပညာပေး Talk Show ကို (၁၄-၈-၂၀၂၅)ရက်နေ့ ၁၂ နာရီ တွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးရာတွင် အသိပညာပေး Talk Show ပြုလုပ်ရခြင်းမှာ လူငယ်နှင့် ပြည်သူများ ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အသိပညာဗဟုသုတ ရရှိစေရေးအတွက် ရည်ရွယ်၍ သက်ဆိုင်ရာဌာနအသီးသီးကို ဖိတ်ကြား၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှုးအား ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပေးပါရန် ဖိတ်ကြားကာ ဒေါ်ချိုမီဇင်မှ နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ အပါး(၃၀)ရှိကြောင်း ဝန်ထမ်းတစ်ဦးချင်းလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၁၂)ပါး၊ ဝန်ထမ်းအချင်းချင်းလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၅)ပါး ပြည်သူလူထုအပေါ်လိုက်နာရမည့် ကျင့်ဝတ်(၅)ပါး၊ နိုင်ငံတော်အပေါ်လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၈)ပါး ရှိကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် ၁၂ပါသည် အဇွဲ့အစည်းအလိုက် စည်ကမ်း၊ အမိတ်တို့ကိုလိုက်နာတက်စေရန်၊ တာဝန်နှင့် ဝတ္တရာကျေပျွန်စေရန်၊ လုပ်ပိုင်ခွင်အလွဲသုံးစာမပြုစေရန်၊ အဂတိကင်းရှင်စေရန်၊ နိုင်ငံပိုင် ဘဏ္ဍာငွေကြေး အလွဲသုံးစာမပြုစေရန်၊ ရာထူနှင့် လျှော်ညီစွာသတ်မှတ်သင်တန်းများတက်ရောက်နိုင်ရန်၊ ရိုးသားဖြောင့်မတ်ရန်၊ လုပ်ငန်ခွင်တွင် မူးယစ်၊လောင်းကစားမပြုရန်၊ လုပ်ငန်းခွင် ခိုက်ရန်မဖြစ်ရန်၊ စာရိတ္တပျက်ပြားစွာ ပြုမူပြောဆိုခြင်း မပြုရန်၊ဥပဒေအရ အမိန့်၊ တာဝန်များ ကြည်ဖြူစွာထမ်းဆောင်နိုင်ရန်၊ ဝန်ထမ်းပိသစွာ ပါတီနိုင်ငံရေး ကင်းရှင်းစွာနေ ထိုင်ရန်အတွက် စောင့်ထိန်လိုက်နာရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင်ဝတ်မှာ ဝန်ထမ်းအချင်းချင်း သစ္စာစောင့်သိရန်၊ စည်းလုံးညီညွှတ်မှုရှိရန်၊ ဝန်ထမ်းအချင်းချင်း တိုင်ကြား သက်သေခံရာတွင် အမှန်အတိုင်ထွက်ဆိုရန်၊ အဖွဲ့အစည်း၊ ဝန်ထမ်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့် ကျင့်ဝတ်စည်ကမ်းများကို လိုက်နာတက်ရန်၊ ဝန်ထမ်းသက်သာချောင်ချီရေး လုပ်ငန်းခွင်ပျော်ရွှင်ရေး ပူးပေါင်း ပါဝင်နိုင်ရန်ကျင့်သုံးရမည်ဖြစ်ကြောင်း ကိုရှင်းလင်းခဲ့သည်။
ဆက်လက်၍ ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်အနေဖြင့် ပြည်သူအပေါ် သစ္စာ စောင့်သိရိုသေၕန်၊ လေးစားစွာ ဝန်ဆောင်မှုပေးရန်၊ ပြည်သူအကျိုးစီးပွားကို အလေးထားရန်၊ ယဉ်ကျေးစွာ ပြုမူဆက်ဆံရန်၊တာဝန်ထမ်းဆောင်စဉ် ပြည်သူထံမှ ငွေကြေး၊ အကျိုးခံစားခွင့်တောင်းခံခြင်းမပြုရန် လိုက်နာရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ်လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်အနေဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာ စောင့်သိရန်၊ ဒို့တာဝန်အရေးသုံးပါး ဦးတည်ကြိုးပမ်းရန်၊ ဖွဲ့စည်ပုံ အခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေ လိုက်နာရန်၊ နိုင်ငံအကျိုးစီးပွား အလေးထားရန်၊ နိုင်ငံပိုင် ငွေကြေးများ ပျက်စီးဆံဒးရှုံးမှု မရှိစေရေး ထိန်းသိမ်းရန်၊ အစိုးရ လျှို့ဝှက် အက်ဥပဒေများ လိုက်နာရန်၊ အကြည်ညိုပျက်စေမည့် လုပ်ရပ်များ ရှောင်ကြဉ်ရန်၊ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို တိုင်းဝန်စောင့်ရှောက်ရန်ဖြစ်ကြောင်း နိုင်ငံသားတိုင်းနှင့် ဝန်ထမ်းများ သိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)