
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၃)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ၌ ဝန်ထမ်းများအတွက် ဝက်သားများကိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါ သည်။
ထိုသို့ ရောင်းချရာတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့တို့ပူးပေါင်း၍ ဝက်သား တစ်ပိဿာ(၃၀၀၀၀/-)ကျပ် ဖြင့်စုစုပေါင်း (၉၃) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)