ဇလွန်မြို့နယ် စားအုန်းဆီအရောင်းဆိုင်လုပ်ငန်းရှင်များအားစနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၂.၈.၂၀၂၅)ရက်နေ့ နံနက်(၀:၀၀) အချိန်တွင် ဇလွန်မြို့၊ညောင်ပင်ဈေးရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် စားအုန်း ဆီလက္ကားကိုယ်စားလှယ်များနှင့်လက်လီ အရောင်းဆိုင်လုပ်ငန်းရှင်များအား စားအုန်းဆီများ ဖြန့်ဖြူး ရောင်းချရာတွင်စနစ်တကျခွဲဝေပေးနိုင်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မိတ်ဆက်စကား‌ပြောကြားခဲ့ပြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များ အကြောင်း၊ ခွဲတမ်းရစားအုန်းဆီ လက်လီ/လက္ကားအရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ကာလအတွင်း၊ သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်မှန်ကန်စွာဖြင့် အချိန်မှီရောင်းချပေးနိုင်ရေး၊ ရောင်းချမှု လက်ခံဘောင်ချာများထားရှိစေခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက် (၂)%အမြတ်ထက်ကျော်လွန်၍‌ရောင်းချမှု မပြုလုပ်ရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားမှုများ မပြုလုပ်ရန် သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း    မရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ကို သိရှိပါကြောင်း ခံဝန်ကတိ လက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်မှလည်း ခံဝန်ကတိ လက်မှတ်ရေးထိုးကာ နံနက်(၁၀:၃၀)အချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ 

EYDNS(DOCA ဧရာဝတီ)