
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးကိုယ်စား မအူပင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန တို့နှင့်အတူ ပန်းတနော်၊ တလပန်းကျေးရွာ၊ ချောင်းကလေးအုပ်စု သို့ ကွင်းဆင်း၍ (၁၂-၈-၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)အချိန်က ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
စစ်ဆေးရာတွင် မအူပင်ခရိုင်ဦးစီးမှူးက ဆန်စက်လုပ်ငန်း လည်ပတ်နေမှု လုပ်ငန်းခွင်ကို ကြည်ရှုလေ့လာပြီး၊ ဆန်စက်တွင် စပါးသိုလှောင်မှု တင်း၂၀၀၀ နှင့် ဆန်အိတ်လက်ကျန် ၃၀၀အိတ်ရှိကြောင်း ၊ တစ်နေ့လျှင် ၁၅တန်ကျ ကြိတ်ခွဲနိုင်ကြောင်းနှင့် မနက် ၆နာရီမှ ညနေ ၅နာရီထိ ကြိတ်ခွဲကြောင်း၊ ရေစစ်ကန်ပြုလုပ်ထားရှိမှု ရေဆိုးရေညစ် ထုတ်လုပ်ရာ လမ်းကြောင်း ကောင်းမွန်စွာ စီးဆင်းစေရေးကို ကြည်ရှုစစ်ဆေးခြင်း၊ ပတ်ဝန်ကျင် အနှံဆိုး ထိခိုင်မှုကို လျော့နည်းအောင် ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားပြီး MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးရန် ၁နှစ် ပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးရန်နှင့် ဆန်စက်၏ စပါး/ဆန် လက်ကျန်စာရင်းကို လစဉ် လဆန်း ၇ရက်နေ့တွင် ဖြည့်သွင်းနိုင်ရန်အတွက်ကို လုပ်ငန်းရှင်အား အသိပေးပြောကြား စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)